Latest: နောက်ဆုံးရ -
MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ MMMCC and ARU Attend OIC Contact Group Meeting on Myanmar at UN Headquarters in New York စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အမေရိက၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် OIC Contact Group of Myanmar ၏ သီးသန့်အစည်းအဝေးတွင် ARU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ (MMMCC) တို့ တက်ရောက် MMMCC Delivers Eid Food Assistance Across Resistance Territories လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့ MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန် MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့
Call Us ------- | info@mmmcc.site

Meeting Between Malaysian Foreign Minister Dato' Saifuddin Abdullah and the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato' Saifuddin Abdullah နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ Muslim of Myanmar Multi-Ethnic Consultative Committee တို့ တွေ့ဆုံဆွေးနွေး

Meeting Between Malaysian Foreign Minister Dato' Saifuddin Abdullah and the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
Representatives from the Foreign Affairs Committee of the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC) held a discussion with the Malaysian Foreign Minister, Dato' Saifuddin Abdullah, via online video conference.

Key Discussion Points:

Support for the NUG-
During the meeting, the MMMCC urged the Malaysian Foreign Minister to engage in formal dialogue with the National Unity Government (NUG)—which was formed based on the public's will—and to continue supporting the people of Myanmar.

Protection of Refugees - The Minister stated that Malaysia will provide the best possible assistance and protection to the people of Myanmar currently taking refuge in Malaysia, including the Rohingya.

Collaboration on Humanitarian Issues- Both parties discussed cooperation with Malaysian officials regarding education, healthcare, and human rights conditions within Myanmar. This included humanitarian aid efforts and the protection of those providing such assistance.

The meeting concluded with an agreement to hold regular meetings between the Malaysian Ministry of Foreign Affairs and the MMMCC as necessary to maintain ongoing coordination.
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ(MMMCC) ၏ နိုင်ငံခြားရေးရာ ကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato' Saifuddin Abdullah တို့ online video conference မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် MMMCC မှနေ၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအား အများပြည်သူဆန္ဒဖြင့် ရွေးကောက်တင်မြောက်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်နှင့် မြန်မာပြည်သူများအား ဆက်လက်ထောက်ခံအားပေးရန် တိုက်တွန်းပြောဆိုခဲ့သည်။

ဝန်ကြီးမှနေ၍ မလေးရှားနိုင်ငံတွင်း လက်ရှိခိုလှုံနေထိုင်လျက်ရှိသော ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူ
များအား အကောင်းဆုံး ကူညီကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံတွင်းရှိ ပညာရေး၊ကျန်းမာရေး၊လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများ၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ၊ကူညီဆောင်ရွက်နေသူများအား အကာအကွယ်ပေးရေးကိစ္စများနှင့် စပ်လျဥ်း၍ မလေးရှားနိုင်ငံမှတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် MMMCC တို့အကြား လိုအပ်သလို ပုံမှန် အစည်းအဝေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဆွေးနွေးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြပါသည်။