Mar 07, 2024
2024-03-07
Political Activitesနိုင်ငံရေး လှုပ်ရှားမှုများ
MMMCC Admin
MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights
MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန်
The Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC) and the Myanmar Hindu Union (MHU) convened their inaugural joint meeting on March 3.
The meeting brought together MHU members, MMMCC representatives, and independent participants from within Myanmar, border areas, and abroad. As religious minorities in Myanmar, representatives shared common experiences of oppression, addressed current political challenges, and outlined strategic steps forward.
From this foundational meeting, the MMMCC and MHU agreed to join forces on a 5-Point Joint Accord:
Combatting Discrimination: Fighting all forms of racial and religious discrimination through a citizenship-based framework.
Ending Mandatory Religious/Ethnic Labelling: Advocating for the removal of racial and religious identification requirements on national IDs, job applications, and official government procedures nationwide.
Counterspeech & Regulations: Actively opposing and banning hate speech and derogatory racial terminology.
Minority Rights: Championing equal rights and protection for minority communities.
Human Rights Protections: Standing firmly against all human rights violations.
Both organizations reaffirmed their commitment to partnering with like-minded democratic political allies. They pledge to continue the pursuit of a federal democratic system rooted in freedom, justice, and absolute equality—working to dismantle discrimination based on age, disability, gender identity, marital status, race, or religion across the nation.
Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့သည် မတ်လ (၃) ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်တွင်း၊ နယ်စပ်နှင့် ပြည်ပဒေသအသီးသီးမှ MHU အဖွဲ့ဝင်များ၊ MMMCC ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလ ပါဝင်ဆွေးနွေးသူများ တက်ရောက်ခဲ့ကြသည်။ ဘာသာရေး အခြေပြု လူနည်းစုများဖြစ်သည့် အစ္စလာမ်နှင့် ဟိန္ဒူဘာသာဝင်များသည် တူညီသော ဖိနှိပ်ခံရမှု အတွေ့အကြုံများနှင့် လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေး စိန်ခေါ်မှုများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံမှုမှတစ်ဆင့် MMMCC နှင့် MHU တို့သည် အောက်ပါ ဘုံသဘောတူညီချက် (၅) ချက် ကို လက်တွဲ ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည် -
၁။ လူမျိုး၊ ဘာသာ ခွဲခြားမှု အဖုံဖုံကို နိုင်ငံသားအခြေပြုမူဖြင့် တိုက်ဖျက်ရေး၊
၂။ မှတ်ပုံတင်နှင့် အလုပ်လျှောက်လွှာများ အပါအဝင် တနိုင်ငံလုံးရှိ ဌာန၊ လုပ်ငန်းစဉ် မရွေး လူမျိုး/ဘာသာ ဖော်ပြရမှုကို ပယ်ဖျက်ရန် တိုက်တွန်းရေး၊
၃။ အမုန်းစကားများနှင့် လူမျိုးရေး ခွဲခြားသည့် ဝေါဟာရများ ဆန့်ကျင်တားမြစ်ရေး၊
၄။ လူနည်းစု တန်းတူအခွင့်အရေး ဖော်ဆောင်ရေး၊
၅။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆန့်ကျင်ရေး။
ထို့အပြင် MMMCC နှင့် MHU တို့သည် နိုင်ငံရေး မျှော်မှန်းချက် တူညီသော အဖွဲ့အစည်းများနှင့် ဆက်လက် လက်တွဲကာ အသက်အရွယ်၊ မသန်စွမ်းမှု၊ လိင်၊ အသားအရောင်၊ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုများကို အပြီးတိုင် ပပျောက်စေပြီး တန်းတူညီမျှမှုရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)