Latest: နောက်ဆုံးရ -
MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ MMMCC and ARU Attend OIC Contact Group Meeting on Myanmar at UN Headquarters in New York စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အမေရိက၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် OIC Contact Group of Myanmar ၏ သီးသန့်အစည်းအဝေးတွင် ARU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ (MMMCC) တို့ တက်ရောက် MMMCC Delivers Eid Food Assistance Across Resistance Territories လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့ MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန် MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့
Call Us ------- | info@mmmcc.site

MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot

မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့

MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot
A pre-Ramadan food distribution campaign was conducted on March 7, 2024, to support Myanmar Muslims who have fled military oppression and anti-junta participation to seek refuge in the border town of Mae Sot, Thailand.

The initiative was jointly organized by the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC) and the Moonlight Humanity Foundation.

Many displaced individuals in Mae Sot currently face severe livelihoods and security challenges due to limited employment opportunities. This initiative aimed to alleviate their immediate hardship and meet basic dietary needs ahead of the holy month of Ramadan.

The distributed relief packages included essential foodstuffs such as rice, cooking oil, pulses, onions, noodles, and condensed milk, providing much-needed sustenance for the recipient families.

MMMCC noted that food assistance needs remain high both in Mae Sot and across various liberated territories. The organization plans to continue its relief activities and invites interested supporters to reach out directly via their official social media page inbox.

Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်မှုနှင့် စစ်တပ်၏ ဖိနှိပ်မှုများကြောင့် ထိုင်းနယ်စပ် မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် မွတ်စ်လင်မ် စစ်ဘေးရှောင်များအတွက် ရမဒါန် ဥပုသ်လအကြို စားနပ်ရိက္ခာ မျှဝေလှူဒါန်းမှုကို မတ်လ (၇) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရိက္ခာထောက်ပံ့မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) နှင့် Moonlight Humanity Foundation တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် မဲဆောက်မြို့သို့ ရောက်ရှိနေသူများသည် အလုပ်အကိုင် ရှားပါးမှုနှင့် လုံခြုံရေး အခက်အခဲများကြောင့် စားဝတ်နေရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရပြီး၊ ရောက်ရှိလာတော့မည့် ရမဒါန် ဥပုသ်လအတွင်း စားဝတ်နေရေး အခက်အခဲများကို တစိတ်တပိုင်း ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောက်ပံ့မှုတွင် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ခေါက်ဆွဲနှင့် နို့ဆီ အပါအဝင် အခြေခံ စားသောက်ကုန်များကို ပေးအပ်နိုင်ခဲ့သဖြင့် ခိုလှုံနေရသူများအတွက် များစွာ အထောက်အကံ့ ဖြစ်စေခဲ့သည်။

မဲဆောက်ဒေသ အပါအဝင် လွတ်မြောက်နယ်မြေ အသီးသီးတွင် စားနပ်ရိက္ခာ လိုအပ်ချက်များ ဆက်လက် ရှိနေသေးသဖြင့် MMMCC အနေဖြင့် ဆက်လက် မျှဝေလှူဒါန်းနိုင်ရန် အစီအစဉ်များ ရှိကြောင်းနှင့် ပါဝင်ကူညီလိုပါက တရားဝင် ပေ့ချ်ချက်ဘောက်စ် (Page Inbox) မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)