Empowering communities and building a brighter future through collective support and sustainable initiatives.
စုပေါင်းပံ့ပိုးမှုများနှင့် ရေရှည်တည်တံ့သော အစီအစဉ်များမှတစ်ဆင့် လူမှုအသိုက်အဝန်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း။
If you prefer not to allocate your donation to a specific campaign, you can contribute to our general fund. These funds allow us to quickly address urgent operational needs and provide immediate relief where it is most needed.
သီးခြားစီမံကိန်းတစ်ခုသို့ မလှူဒါန်းလိုပါက ကျွန်ုပ်တို့၏ အထွေထွေရန်ပုံငွေသို့ လှူဒါန်းနိုင်ပါသည်။ ဤရန်ပုံငွေများသည် အရေးပေါ်လိုအပ်ချက်များကို လျင်မြန်စွာဖြေရှင်းရန်နှင့် အလိုအပ်ဆုံးနေရာများတွင် ချက်ချင်းကူညီပံ့ပိုးပေးရန် အသုံးပြုပါသည်။
We are pleased to announce the successful completion of the Qurbani Campaign, jointly organized by three Muslim revolutionary organizations. Guided by the spirit of Eid al-Adha, the campaign delivered Halal meat meals to frontline comrades, food-deprived units, and war-affected civilians. We deeply thank all local and international donors for their support. May these sacrifices strengthen our shared fight for truth, justice, and liberation.
မွတ်စ်လင်မ် တော်လှန်ရေး အင်အားစု (၃) ဖွဲ့ ပူးပေါင်းဆောင်ရွက်သည့် ကုရ်ဘာနီ ကမ်ပိန်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။ အီးဒ်ဒွလ်အဿ်ွဟာ၏ အနှစ်သာရအတိုင်း တောတွင်းမှ ရဲဘော်များ၊ ရိက္ခာရှားပါးသည့် တပ်ဖွဲ့များနှင့် စစ်ဘေးသင့်ပြည်သူများထံ အာဟာရပြည့်ဝသော အသားဟင်းများ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ပါဝင်လှူဒါန်းပေးကြသည့် ပြည်တွင်းပြည်ပမှ အလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပြီး ဘဏ္ဍာရေး အနှစ်ချုပ် စာရင်းရှင်းတမ်းကိုလည်း ထုတ်ပြန်ပေးလိုက်ပါသည်။
Under the Eid al-Adha program, 9 cows and 10 shares (Hissah) were received and distributed to the following regions: Tanintharyi (2), Bago (1), Sagaing (1), Karenni (1), Taungoo (1), Kachin (1), and the Thai border (2).
အီးဒ်ဒွတ်လ်အဿွဟာ အစီအစဉ်မှ နွား (၉) ကောင်နှင့် (၁၀) ပုံစာလက်ခံရရှိထားပြီး အောက်ပါဒေသများသို့ ပို့ဆောင်ထားသည်။ တနင်္သာရီ (၂)၊ ပဲခူး (၁)၊ စစ်ကိုင်း (၁)၊ ကရင်နီ (၁)၊ တောင်ငူ (၁)၊ ကချင် (၁)၊ ထိုင်းနယ်စပ် (၂)။