Latest: နောက်ဆုံးရ -
MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ MMMCC and ARU Attend OIC Contact Group Meeting on Myanmar at UN Headquarters in New York စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အမေရိက၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် OIC Contact Group of Myanmar ၏ သီးသန့်အစည်းအဝေးတွင် ARU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ (MMMCC) တို့ တက်ရောက် MMMCC Delivers Eid Food Assistance Across Resistance Territories လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့ MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန် MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့
Call Us ------- | info@mmmcc.site

MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support

ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့

MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support
The Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC) continues to actively coordinate both its domestic and international operations. In support of the democratic movement, U Kyaw Win, MMMCC’s Head of International Relations, held high-level meetings earlier this September with Malaysia’s Foreign Minister and Defense Minister.

At the Malaysian Ministry of Foreign Affairs, U Kyaw Win met with Malaysian Foreign Minister Dato' Seri Mohamad Hasan. The Foreign Minister expressed Malaysia's deep empathy for the ongoing oppression faced by the entire population of Myanmar, including Muslims of diverse ethnic backgrounds and the Rohingya community. He reaffirmed that the Malaysian government is actively prioritizing these critical issues.

Furthermore, the Foreign Minister voiced support for joint collaboration between MMMCC and the Arakan Rohingya Union (ARU) as OIC members, and instructed ministry officials to issue necessary letters of endorsement for both organizations.

Following this, on September 2, Malaysian Defense Minister Dato' Seri Mohamed Khaled Nordin hosted MMMCC's Head of International Relations for a luncheon at the Royale Chulan Hotel in Kuala Lumpur.

The Defense Minister expressed a strong interest in the current situation in Myanmar and the future destiny of its Muslim populations. He emphasized that peace in Myanmar will remain incomplete unless Muslims and other oppressed communities achieve equal rights across all sectors, including under the law. Reaffirming the Malaysian government's desire to assist to the best of its ability regarding the rights of Muslim and diverse ethnic communities, he engaged in warm discussions over lunch regarding current democratic efforts.

The Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC) remains dedicated to advancing domestic ground operations, international diplomacy, and humanitarian aid—addressing the affairs of Muslim populations from all regions and ethnic groups alongside the broader revolution. Further releasable updates will be continually shared with the public.

Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
MMMCC အနေဖြင့် ပြည်တွင်းပြည်ပလှုပ်ရှားမှုများအား တွဲဖက်လုပ်ဆောင်လျက်ရှိသည်။ ယခုအခါ ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ကြသည်။
မလေးရှားနိုင်ငံခြားရေးဝန် Dato Seri Mohamad Hasan နှင့် မိမိတို့ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံတို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ပြီး မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတဝှမ်းမှ လူထုတရပ်လုံး၊ လူမျိုးစုအသီးသီးမှမွတ်စလင်များနှင့် ရိုဟင်ဂျာများ ဖိနှိပ်ခံနေရမှုများအပေါ် စာနာပါကြောင်း၊ မလေးရှားအစိုးရအနေနဲ့ ယခုကိစ္စရပ်များနှင့် စပ်လျင်းပြီး အလေးထားလုပ်ဆောင်နေပါကြောင်း ပြောဆိုခဲ့ပါသည်။
မလေးရှားအစိုးရအနေဖြင့်လည်း MMMCC နှင့် ARU နှစ်ဖွဲ့အား OIC အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းလုပ်ဆောင်သွားရေးအား ထောက်ခံကြောင်း ပြောကြားခဲ့ပြီး မိမိဝန်ကြီးဌာနအရာရှိများမှတဆင့် MMMCC နှင့် ARU အတွက် လိုအပ်တဲ့ ထောက်ခံချက်များထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။
ဆက်လက်၍ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း မလေးရှားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Dato Seri Mohamed Khaled bin Nordin က MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံအား
ကွာလာလမ်ပူရှိ Royal Chulan Hotel တွင် နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။
ကာကွယ်ရေးဝန်ကြီးအနေဖြင့်လည်း လက်ရှိမြန်မာနိုင်ငံနှင့်အနာဂတ်မှ မွတ်စလင်များ၏ ကံကြမ္မာနှင့် ပတ်သက်ပြီး အထူးစိတ်ဝင်စားကြောင်း၊ မွတ်စလင်များနှင့် အခြားအဖိနှိပ်ခံများ အနေဖြင့် ဥပဒေအရအပါအဝင် ကဏ္ဍအသီးသီးတွင် တန်းတူအခွင့်အရေးမရသ၍ မြန်မာပြည်နိုင်ငံ၏ ငြိမ်းချမ်းရေးမှာ မပြည့်စုံနိုင်ကြောင်း၊
မလေးရှားအစိုးရအနေဖြင့်လည်း မွတ်စလင်များနှင့် လူ့အဖွဲ့အစည်းအသီးသီး၏ အခွင့်အရေးနှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံးကူညီလိုကြောင်းပြောကြားပြီး လက်ရှိ ဒီမိုကရေစီလှုပ်ရှားမှုအရေးများနှင့်ပတ်သက်၍ တရင်းတနှီး နေ့လည်စာစားရင်း ဆွေးနွေးခဲ့ပါသည်။
မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီအနေဖြင့် ဒေသအသီးသီး လူမျိုးစုအသီးသီးမှ မွတ်စ်လင်မ်လူထုအရေးအပါအဝင် တော်လှန်ရေးတရပ်လုံးနှင့် ပတ်သက်ပြီး ပြည်တွင်းအခြေစိုက်လှုပ်ရှားမှုများ၊ နိုင်ငံတကာသံတမန်ရေးများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီအရေးများအားလုပ်ဆောင်နေပြီး ထုတ်ဖော်ပြောဆိုနိုင်သည့် သတင်းအချက်အလက်များအား အများပြည်သူထံသို့ တင်ပြသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ