Jun 22, 2024
2024-06-22
Fundraising Activitiesကူညီထောက်ပံ့ရေး ရန်ပုံငွေ ရှာဖွေခြင်းများ
MMMCC Admin
MMMCC Delivers Eid Food Assistance Across Resistance Territories
လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့
This year's Eid al-Adha sharing initiative has been successfully completed. Thanks to the generosity and contributions of our members, comrades, and the general public, assistance has reached revolutionary comrades, internally displaced persons (IDPs), and those fleeing military oppression across various liberated territories.
Through the MMMCC initiative, a total of 20 Qurbani animals, 1 share (Hissah), along with essential provisions such as rice and pulses, were distributed across multiple regions, providing much-needed short-term relief amid the ongoing conflict and hardships.
As Eid concludes, we earnestly call upon Muslim communities from diverse ethnic backgrounds to remain steadfast in opposing dictatorship and to continuously support our revolutionary fighters, frontline comrades, and those facing hardship.
Let us stand hand-in-hand as fellow oppressed peoples and continue the struggle together.
Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အီးဒ်ဒွတ်လ်အဿွဟာ (ကုရ်ဗာနီအီးဒ်) ရိက္ခာအသား မျှဝေလှူဒါန်းမှု အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း MMMCC ထံမှ သိရသည်။
အဆိုပါ ကမ်ပိန်းအတွင်း ပြည်တွင်းပြည်ပရှိ လူမျိုးစုအသီးသီးမှ မွတ်စလင် မိဘပြည်သူများ၊ အဖွဲ့ဝင်များနှင့် ရဲဘော်ရဲဘက်များ၏ လှူဒါန်းမျှဝေမှုဖြင့် ရိက္ခာသားကောင် စုစုပေါင်း (၂၀) ကောင်၊ အသားအပုံ (၁) ပုံနှင့် ဆန်၊ ပဲ အပါအဝင် အခြားလိုအပ်သည့် ရိက္ခာများကို လွတ်မြောက်နယ်မြေအသီးသီးသို့ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထောက်ပံ့ပေးပို့မှုများသည် စစ်အာဏာရှင် ဖိနှိပ်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူများနှင့် ရှေ့တန်းရောက် တော်လှန်ရေး ရဲဘော်များထံ တိုက်ရိုက်ရောက်ရှိခဲ့ပြီး၊ စစ်ငွေ့စစ်ဘေးနှင့် အခက်အခဲများကြားတွင် စားနပ်ရိက္ခာ လိုအပ်ချက်ကို ရေတိုအားဖြင့် အဆင်ပြေစေခဲ့ကြောင်း ဖော်ပြထားသည်။
အီးဒ်ကာလ လွန်မြောက်ခဲ့သော်လည်း လူမျိုးစုအသီးသီးမှ မွတ်စလင် လူထုအနေဖြင့် အာဏာရှင်စနစ် ကျရှုံးရေးအတွက် ဆက်လက် ဆန့်ကျင်သွားကြရန်နှင့် တော်လှန်ရေး ရဲဘော်များ၊ စစ်ဘေးသင့် ဒုက္ခသည်များအတွက် ပုံမှန်အားဖြည့် ကူညီပေးကြပါရန် MMMCC က လေးလေးနက်နက် တိုက်တွန်း နှိုးဆော်ထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)