Dec 08, 2021
2021-12-08
Political Activitesနိုင်ငံရေး လှုပ်ရှားမှုများ
MMMCC Admin
55 Myanmar Muslims Fallen in Spring Revolution, Proportionately Matching National Demographics till December 2021
နွေဦးတော်လှန်ရေးအတွင်း မွတ်စလင် ၅၅ ဦး ကျဆုံးခဲ့ပြီး မန္တလေးတိုင်းတွင် ကျဆုံးမှု အများဆုံးဖြစ်
At least 55 Myanmar Muslims have been killed in the Spring Revolution, accounting for over 4.2% of the nation’s total reported fatalities (1,303 victims recorded up to December 8).
This casualty rate closely mirrors the 4.3% Muslim population ratio recorded in Myanmar's 2014 Census—demonstrating that Myanmar Muslims are actively participating alongside all ethnic and religious groups in the struggle against dictatorship.
Causes of Death & Targeted Violence
Cracked down during protests: 31 individuals (Largest category).
Unprovoked shootings & Interrogation torture: Deaths in these categories are rising rapidly, highlighting systemic and targeted attacks by the military junta against religious minorities.
Demographics & Regional Breakdown
By Age: Youth aged 18 to 30 suffered the highest casualties, followed by young adults aged 31 to 40. Most were killed by live ammunition during peaceful street demonstrations.
By Region: Mandalay Region recorded the highest number of casualties, followed by Yangon Region.
Key Highlights
First Fallen Hero: Ko Na Pwar (a.k.a. Ko Ko Oo / Muhammad Rashid), killed on February 8, 2021, in Mandalay.
Minors Killed: 5 children under the age of 18.
Youngest Victim: Khin Myo Chit, a 7-year-old girl shot dead inside her home by junta forces during a house raid in Mandalay.
Oldest Victim: U Cho Tar (62), a primary school teacher who suffered a fatal head wound in Myitkyina, Kachin State.
Data Source Note: These figures are compiled using verified documentation from the Assistance Association for Political Prisoners (AAPP) and independent news media reports. The actual casualty toll may be significantly higher due to unverified or unreported cases.
နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားခဲ့သည့် မွတ်စလင် ဦးရေ ၅၅ ဦးအထိ ရှိလာခဲ့ပြီး၊ ယင်းပမာဏသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျဆုံးသူ စုစုပေါင်း ၁,၃၀၃ ဦး၏ ၄.၂ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
အဆိုပါ ပါဝင်မှု အချိုးအစားမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ မွတ်စလင် ပါဝင်မှု အချိုးအစား (၄.၃ ရာခိုင်နှုန်း) နှင့် တိုက်ရိုက် နီးပါး အချိုးကျနေသဖြင့် မြန်မာမွတ်စလင်များသည်လည်း အမျိုးသားရေးဆိုင်ရာ တော်လှန်ရေး ကာလအတွင်း အခြားသော တော်လှန်ရေး အင်အားစုများ နည်းတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြကြောင်း ထင်ရှားစေသည်။
သေဆုံးရသည့် အကြောင်းအရင်းများနှင့် ပစ်မှတ်ထားခံရမှုများ
ဆန္ဒပြပွဲများအတွင်း အကြမ်းဖက် ပစ်ခတ်ခံရမှု - ၃၁ ဦး (အများဆုံး)
အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှု - သေဆုံးသူ အရေအတွက် မြင့်တက်လာလျက်ရှိပြီး၊ ယင်းသည် ဖက်ဆစ်စစ်တပ်မှ လူနည်းစု ဘာသာဝင်များအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကို ပိုမို ထင်ရှားစေသည်။
လူငယ်၊ လူလတ်ပိုင်းများ ဦးဆောင်ပါဝင်မှုနှင့် ဒေသအလိုက် အခြေအနေ
အသက်အရွယ် အလိုက် - အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်များ သေဆုံးမှု အများဆုံးဖြစ်ပြီး၊ အသက် (၃၁) နှစ်မှ (၄၀) နှစ်ကြား လူလတ်ပိုင်းများမှာ ဒုတိယ အများဆုံး ဖြစ်သည်။ ယင်းတို့အနက် အများစုမှာ ဆန္ဒပြပွဲများတွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ဒေသအလိုက် - မန္တလေးတိုင်းမှ မွတ်စလင်များ သေဆုံးမှု အများဆုံး ဖြစ်ပြီး၊ ရန်ကုန်တိုင်းမှာ ဒုတိယ အများဆုံး ဖြစ်သည်။
ထူးခြားသည့် အချက်အလက်များ
ပထမဦးဆုံး ကျဆုံးသူ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မန္တလေးမြို့၌ ကျဆုံးခဲ့သည့် ကိုနပွား (ခ) ကိုကိုဦး (ခ) မိုဟာမက်ရာရှစ် ဖြစ်သည်။
ကလေးသူငယ်များ - အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၅) ဦး ပါဝင်သည်။
အသက်အငယ်ဆုံး ကျဆုံးသူ - မန္တလေးမြို့ရှိ နေအိမ်အတွင်းသို့ စစ်တပ်က ကျူးကျော်ဝင်ရောက် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် အသက် (၇) နှစ်အရွယ် သမီးငယ်လေး ခင်မျိုးချစ် ဖြစ်သည်။
အသက်အကြီးဆုံး ကျဆုံးသူ - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဦးခေါင်း ထိမှန်ကျဆုံးခဲ့သည့် အသက် (၆၂) နှစ်အရွယ် မူလတန်းပြဆရာ ဦးချိုတား ဖြစ်သည်။
မှတ်ချက် - ယခု အချက်အလက်များကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ မှတ်တမ်းများနှင့် လွတ်လပ်သော မီဒီယာများမှ စေတနာ့ဝန်ထမ်း လေ့လာစောင့်ကြည့်သူများက ပြုစုထားခြင်းဖြစ်ပြီး၊ လက်လှမ်းမမှီသေးသည့် စာရင်းကျန် သေဆုံးသူများစွာလည်း ရှိနေနိုင်သေးသည်။