Apr 08, 2022
2022-04-08
Political Activitesနိုင်ငံရေး လှုပ်ရှားမှုများ
MMMCC Admin
Malaysian Foreign Minister Dato' Sri Saifuddin Abdullah Meets MMMCC Representative at Wisma Putra
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Dato' Sri Saifuddin Abdullah နှင့် MMMCC ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝင်း တို့ တွေ့ဆုံဆွေးနွေး
Malaysian Foreign Minister Dato' Sri Saifuddin Abdullah received U Kyaw Win, Foreign Affairs Committee member and spokesperson for the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC), at the Ministry of Foreign Affairs (Wisma Putra) on April 6, 2022.
During the high-level meeting, both parties discussed critical issues regarding Myanmar refugees currently residing in Malaysia, specifically focusing on employment opportunities, healthcare access, and education for displaced children. The discussions also addressed broader issues, including the Rohingya crisis, the situation of Myanmar Muslims, and international accountability mechanisms for war crimes committed by the military junta. Both sides reached an agreement to foster future cooperation between Malaysia and the MMMCC.
Following the discussions, the MMMCC representative attended an official Iftar dinner hosted by the Ministry of Foreign Affairs of Malaysia.
Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Dato' Sri Saifuddin Abdullah သည် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) ၏ နိုင်ငံခြားရေးရာကော်မတီ အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝင်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန (Wisma Putra) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မလေးရှားနိုင်ငံ၌ ခေတ္တခိုလှုံနေကြသည့် မြန်မာဒုက္ခသည်များ၏ အလုပ်အကိုင်၊ ကျန်းမာရေးနှင့် ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရိုဟင်ဂျာအရေး၊ မြန်မာမွတ်စလင် အရေးနှင့် အကြမ်းဖက် စစ်တပ်၏ စစ်ရာဇဝတ်မှုများအပေါ် အရေးယူ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး၊ MMMCC နှင့် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် MMMCC ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝင်းသည် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့် အိဖ်တာရ် (ဥပုသ်ထွက်) ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)