Latest: နောက်ဆုံးရ -
MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ MMMCC and ARU Attend OIC Contact Group Meeting on Myanmar at UN Headquarters in New York စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အမေရိက၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် OIC Contact Group of Myanmar ၏ သီးသန့်အစည်းအဝေးတွင် ARU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ (MMMCC) တို့ တက်ရောက် MMMCC Delivers Eid Food Assistance Across Resistance Territories လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့ MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန် MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့
Call Us ------- | info@mmmcc.site

MMMCC Distributes Humanitarian Aid and Tactical Supplies to Resistance Comrades and Displaced Families During Ramadan

ရမဒါန်လအတွင်း တိုက်ပွဲဝင် ရဲဘော်များနှင့် စစ်ရှောင်များထံ MMMCC မှ စားနပ်ရိက္ခာနှင့် အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေကူညီ

MMMCC Distributes Humanitarian Aid and Tactical Supplies to Resistance Comrades and Displaced Families During Ramadan
During the holy month of Ramadan, the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC) successfully delivered food aid, financial support, and essential tactical supplies to Muslim resistance comrades and internally displaced persons (IDPs) across liberated territories, funded by domestic and international donors.

Key Distribution Highlights:
Mon State: Provided a complete solar energy kit (solar panel, inverter, and battery) for a local People's Defense Force (PDF) camp.

Support from Swedish Donors: Supplied comrades with Halal canned food, dry rations, solar panels, uniforms, walkie-talkies, and power banks.

Tanintharyi Region: Facilitated a donation of 1.6 million MMK from an international donor for a local PDF medical battalion.

Dawei & Karen State: Distributed $2,000 USD worth of aid to IDPs for Iftar meals and basic necessities.

Frontline Comrades: Provided cash and food provisions to individual comrades and units stationed in remote jungle areas for Iftar.

On-the-Ground Challenges & Solidarity
Despite supplies being prepared, transportation was severely constrained by active fighting, road blockades, acute shortages of Halal meat, and urgent needs for water purifiers, solar panels, and power banks. Notably, PDF comrades demonstrated inspiring solidarity by sharing their received Iftar funds with fellow fighters in neighboring regions.

MMMCC is currently arranging the procurement of portable water purification units for conflict-affected IDP camps facing severe water shortages. The committee expresses its heartfelt gratitude to all donors, volunteer comrades, and partner organizations for making this relief effort possible.

Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) သည် လွန်ခဲ့သော ရမဒါန် ဥပုသ်လအတွင်း ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် လွတ်မြောက်နယ်မြေရှိ တိုက်ပွဲဝင် မွတ်စ်လင်မ် ရဲဘော်များနှင့် စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ငွေကြေးနှင့် အထောက်အကူပြု ပစ္စည်းများကို အောင်မြင်စွာ ဝေမျှထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ကူညီနိုင်ခဲ့သည့် အစီအစဉ်များ -
၁။ မွန်ပြည်နယ် - PDF စခန်းတစ်ခုအတွက် လိုအပ်သော ဆိုလာပြား၊ အင်ဗာတာ (Inverter) နှင့် ဘက်ထရီ တစ်စုံ။

၂။ ဆွီဒင်ရောက် အလှူရှင်များ၏ ကူညီမှုဖြင့် - တိုက်ပွဲဝင် ရဲဘော်များအတွက် ဟလာလ် စည်သွပ်ဘူးများ၊ ရိက္ခာခြောက်၊ ဆိုလာ၊ စစ်ဝတ်စုံ (Uniform)၊ စကားပြောစက် (Walkie-Talkie) နှင့် Power Bank များ။

၃။ တနင်္သာရီတိုင်း - ပြည်ပအဖွဲ့အစည်းတစ်ခုမှ MMMCC မ်ှတစ်ဆင့် PDF ဆေးတပ်ရင်း တစ်ခုအတွက် မြန်မာငွေ ၁၆ သိန်းဖိုး လှူဒါန်းမှု။

၄။ ထားဝယ်နှင့် ကရင်ပြည်နယ် - စစ်ရှောင်များ ဝါဖြေရန်နှင့် လိုအပ်ချက်များ ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀ ဖိုး ဝေမျှမှု။

၅။ တောတွင်း ရဲဘော်များ - တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဝါဖြေနိုင်ရေးအတွက် ငွေကြေးနှင့် စားနပ်ရိက္ခာများ ပေးအပ်နိုင်ခဲ့သည်။

ရှေ့တန်းတွင် ရိက္ခာများ အဆင်သင့်ဖြစ်နေသော်လည်း တိုက်ပွဲများကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း အခက်အခဲများ၊ ဟလာလ်အသား ရှားပါးမှုနှင့် ရေသန့်စက်၊ ဆိုလာ၊ Power Bank လိုအပ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် PDF ရဲဘော်များသည် မိမိတို့ ရရှိလာသော ဝါဖြေအလှူငွေများကို အခြားနယ်မြေရှိ ရဲဘော်များထံ ပြန်လည်မျှဝေ ပေးကမ်းသည့် လေးစားဖွယ် စိတ်ဓာတ်များကို တွေ့ရှိခဲ့ရသည်။

MMMCC အနေဖြင့် သောက်သုံးရေ ခက်ခဲသော စစ်ဒဏ်သင့် ဒေသရှိ စစ်ရှောင်များအတွက် အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်သည့် အသေးစား ရေသန့်စက်များ ဝယ်ယူလှူဒါန်းရန် ဆက်လက် စီစဉ်လျက်ရှိပြီး၊ ပါဝင်ကူညီခဲ့ကြသည့် အလှူရှင်များနှင့် တာဝန်ခံ ရဲဘော်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)