Latest: နောက်ဆုံးရ -
MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ MMMCC and ARU Attend OIC Contact Group Meeting on Myanmar at UN Headquarters in New York စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အမေရိက၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် OIC Contact Group of Myanmar ၏ သီးသန့်အစည်းအဝေးတွင် ARU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ (MMMCC) တို့ တက်ရောက် MMMCC Delivers Eid Food Assistance Across Resistance Territories လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့ MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန် MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့
Call Us ------- | info@mmmcc.site

NUG Foreign Minister and Deputy Minister Meet Myanmar Community in San Francisco; MMMCC Representative Attends

NUG နိုင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးတို့နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစုများ တွေ့ဆုံ၊ MMMCC ကိုယ်စားလှယ်လည်း တက်ရောက်

NUG Foreign Minister and Deputy Minister Meet Myanmar Community in San Francisco; MMMCC Representative Attends
Union Minister for Foreign Affairs Daw Zin Mar Aung and Deputy Minister U Moe Zaw Oo of the National Unity Government (NUG) met with members of the Myanmar diaspora in San Francisco, USA, on February 19, 2023.

During the event, the NUG ministers emphasized their commitment to embracing diversity and advancing minority rights and human rights protections. They also delivered updates on current revolutionary developments and strategies.

Ma Yasmin, a member of the Coordination Committee of the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC), attended the gathering and met with the NUG Foreign Ministry leaders.


Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့နှင့် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် NUG ဝန်ကြီးများက မတူကွဲပြားမှုများကို လက်ခံယုံကြည်ကြောင်း၊ လူနည်းစုများ၏ အခွင့်အရေးနှင့် လူ့အခွင့်အရေး ရပိုင်ခွင့်များအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြပြောဆိုခဲ့ပြီး လက်ရှိ တော်လှန်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) ၏ ညှိနှိုင်းဆွေးနွေးရေး ကော်မတီအဖွဲ့ဝင် မယာစမင်း ကလည်း တက်ရောက်ခဲ့ပြီး NUG နိုင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)