Feb 27, 2023
2023-02-27
Political Activitesနိုင်ငံရေး လှုပ်ရှားမှုများ
MMMCC Admin
Anti-Junta Protest Held in San Francisco with Participation from MMMCC
ဆန်ဖရန်စစ္စကိုမြို့တွင် (၉၃) ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး အပတ်စဉ်သပိတ် ကျင်းပ၊ MMMCC မှလည်း ပါဝင်ဆင်နွှဲ
The Free Burma Action Committee – San Francisco (FBAC-SF) organized its 93rd weekly anti-coup protest on February 25 in front of San Francisco City Hall.
This weekly demonstration is part of the global movement opposing Myanmar's military dictatorship.
The event brought together pro-democracy supporters and anti-junta activists in the United States. Ma Yasmin, a Coordination Committee member of the Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC), also joined and represented the organization at the demonstration.
Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee – San Francisco (FBAC-SF) က ဦးဆောင်စီစဉ်သည့် (၉၃) ကြိမ်မြောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲသည် စစ်အာဏာရှင်စနစ် ကျရှုံးရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်လျက်ရှိသည့် နိုင်ငံတကာ လှုပ်ရှားမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ပွဲသို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြသည့် ဒီမိုကရေစီလိုလားသော စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူများ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) ၏ Coordination Committee အဖွဲ့ဝင် မယာစမင်း ကလည်း MMMCC ကိုယ်စားပြုအဖြစ် တက်ရောက်ဆန္ဒထုတ်ဖော်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)