Latest: နောက်ဆုံးရ -
MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ MMMCC and ARU Attend OIC Contact Group Meeting on Myanmar at UN Headquarters in New York စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အမေရိက၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် OIC Contact Group of Myanmar ၏ သီးသန့်အစည်းအဝေးတွင် ARU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ (MMMCC) တို့ တက်ရောက် MMMCC Delivers Eid Food Assistance Across Resistance Territories လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့ MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန် MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့
Call Us ------- | info@mmmcc.site

MMMCC Distributes Eid al-Adha Qurbani Meat and Food Relief to IDPs and Resistance Comrades Across 10 Regions

MMMCC ဦးဆောင်သည့် အီးဒ်ဒွတ်လ်အဿွဟာ ကုရ်ဗာနီ ရိက္ခာအသားများ ဒေသ ၁၀ ခုရှိ စစ်ရှောင်များနှင့် တော်လှန်ရေးရဲဘော်များထံ ဖြန့်ဝေပေးနိုင်ခဲ့

MMMCC Distributes Eid al-Adha Qurbani Meat and Food Relief to IDPs and Resistance Comrades Across 10 Regions
The Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC) has successfully completed its Eid al-Adha (Qurbani) food distribution initiative, delivering meat aid and essential food supplies to internally displaced persons (IDPs) and revolutionary comrades across 10 key regions.

In light of escalating conflicts and severe economic hardships, local humanitarian needs remain immensely high. Through joint efforts between MMMCC and donors both within Myanmar and abroad, the initiative helped alleviate immediate food shortages for vulnerable displaced families and frontline comrades.

In line with previous years' principles, the Qurbani meat was distributed inclusively—benefiting not only Muslim communities but also comrades and displaced civilians of various religious backgrounds. In select locations, basic food staples such as rice, cooking oil, and salt were also provided.

A total of 13 cows and 14 Qurbani shares (Hissah) were distributed across the following 10 regions:

Taungoo Region: 3 cows & 3 shares

Myeik Region: 2 cows

Central Myanmar: 2 cows & 5 shares

Northern Thai Border: 1 cow & 4 shares

Hpa-An Region: 1 cow

Thai Border (Other location): 1 cow

Dawei Region: 1 cow

Kachin Region: 1 cow

Chin Region: 1 cow

Mon Region: 2 shares

MMMCC expressed its deep gratitude to all domestic and international donors, member organizations, and volunteers who actively assisted in funding, procurement, and distribution logistics.

MMMCC reaffirmed its commitment to continuing vital humanitarian relief efforts and calls on supporters worldwide to keep contributing. Furthermore, MMMCC urges the Muslim community to remain actively involved in supporting the revolution, emphasizing that victory over oppression can only be achieved through united solidarity among all persecuted peoples.

Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) ၏ ဦးဆောင်မှုဖြင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့သည့် အီးဒ်ဒွတ်လ်အဿွဟာ (ကုရ်ဗာနီအီးဒ်) ရိက္ခာအသားများကို ဒေသ ၁၀ ခုရှိ စစ်ဘေးရှောင်များနှင့် တော်လှန်ရေးရဲဘော်များထံ အောင်မြင်စွာ ဝေမျှထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

စစ်ပွဲများနှင့် စီးပွားရေး ကျပ်တည်းမှုများ ပိုမိုဆိုးရွားနေသည့် လက်ရှိကာလတွင် ပြည်သူများ၏ စားနပ်ရိက္ခာ လိုအပ်ချက်မှာ အလွန်မြင့်မားနေသဖြင့် MMMCC အနေဖြင့် ပြည်တွင်းပြည်ပမှ အလှူရှင်များနှင့် ပူးပေါင်း၍ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ကုရ်ဗာနီ ရိက္ခာဝေမျှမှုတွင် ယခင်နှစ်များအတိုင်း အစ္စလာမ်ဘာသာဝင်များ သာမက အခြားသော ဘာသာဝင် တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်ပြည်သူများကိုပါ ခွဲခြားမှုမရှိဘဲ ဝေငှပေးခဲ့သည်။ ထို့အပြင် အချို့ဒေသများတွင် ရိက္ခာအသားများအပြင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များကိုပါ ပေါင်းစပ်ကူညီပေးခဲ့သည်။

စုစုပေါင်း ကုရ်ဗာနီ သားကောင် နွား (၁၃) ကောင်နှင့် အပုံရေ (၁၄) ပုံ (နွား ၁ ကောင်လျှင် ၇ ပုံအနက် ၁ ပုံ ထည့်ဝင်သည့် အပုံများ) ကို အောက်ပါ ဒေသ ၁၀ ခုသို့ ဖြန့်ဝေပေးနိုင်ခဲ့သည် -

တောင်ငူဒေသ - နွား ၃ ကောင်နှင့် ၃ ပုံ

မြိတ်ဒေသ - နွား ၂ ကောင်

အလယ်ပိုင်းဒေသ - နွား ၂ ကောင်နှင့် ၅ ပုံ

ထိုင်းမြောက်ပိုင်းနယ်စပ် - နွား ၁ ကောင်နှင့် ၄ ပုံ

ဘားအံဒေသ - နွား ၁ ကောင်

ထိုင်းနယ်စပ် (အခြားတနေရာ) - နွား ၁ ကောင်

ထားဝယ်ဒေသ - နွား ၁ ကောင်

ကချင်ဒေသ - နွား ၁ ကောင်

ချင်းဒေသ - နွား ၁ ကောင်

မွန်ဒေသ - ၂ ပုံ

MMMCC အနေဖြင့် ယခုကဲ့သို့ ကူညီနိုင်ရန်အတွက် ငွေအား၊ လုပ်အားဖြင့် တက်ကြွစွာ ပါဝင်ကူညီပေးခဲ့ကြသည့် ပြည်တွင်းပြည်ပ အလှူရှင်များ၊ အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် လုပ်အားပေးသူများ အားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်တွင်းပြည်ပမှ ဆက်လက် အားဖြည့်ကူညီပေးကြပါရန် MMMCC က နှိုးဆော်ထားသည်။ မွတ်စ်လင်မ်လူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခု နွေဦးတော်လှန်ရေးတွင် စွမ်းစွမ်းတမံ ထောက်ပံ့ကူညီကြရန်နှင့် အဖိနှိပ်ခံများ အချင်းချင်း လက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အာဏာရှင်စနစ်ကို အောင်မြင်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC)