Latest: နောက်ဆုံးရ -
MMMCC International Relations Head Meets Malaysian Foreign Minister and Defense Minister to Strengthen Diplomatic Support ဒီမိုကရေစီလှုပ်ရှားမှုအား ပံ့ပိုးရေးအတွက် MMMCC ၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်းနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ ယခုစက်တင်ဘာလဆန်းတွင် တွေ့ဆုံခဲ့ MMMCC and ARU Attend OIC Contact Group Meeting on Myanmar at UN Headquarters in New York စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အမေရိက၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် OIC Contact Group of Myanmar ၏ သီးသန့်အစည်းအဝေးတွင် ARU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိူးစုများအတိုင်ပင်ခံကော်မတီ (MMMCC) တို့ တက်ရောက် MMMCC Delivers Eid Food Assistance Across Resistance Territories လွတ်မြောက်နယ်မြေများရှိ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များထံ အီးဒ်ဒွတ်လ်အဿွဟာ ရိက္ခာအသားများ MMMCC အောင်မြင်စွာ ဖြန့်ဝေပေးနိုင်ခဲ့ MMMCC and MHU Hold Inaugural Joint Meeting, Agreeing on 5-Point Accord to Fight Discrimination and Advance Minority Rights MMMCC နှင့် မြန်မာဟိန္ဒူသမဂ္ဂ (MHU) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူနည်းစု တန်းတူအခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် ထုတ်ပြန် MMMCC and Moonlight Humanity Foundation Distribute Pre-Ramadan Food Aid to Displaced Myanmar Muslims in Mae Sot မဲဆောက်ရောက် စစ်ဘေးရှောင် မွတ်စ်လင်မ်များအတွက် MMMCC နှင့် Moonlight Humanity Foundation တို့ ပူးပေါင်း၍ ရမဒါန်အကြို စားနပ်ရိက္ခာ ထောက်ပံ့
Call Us ------- | info@mmmcc.site

MMMCC Marks 3rd Anniversary with Discussion on the Future Role of Minorities in Myanmar

MMMCC (၃) နှစ်ပြည့် အခမ်းအနားနှင့် လူနည်းစုများ၏ အနာဂတ် အခန်းကဏ္ဍ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

MMMCC Marks 3rd Anniversary with Discussion on the Future Role of Minorities in Myanmar
Muslim of Myanmar Multi Ethnic Consultative Committee held an event to mark its 3rd anniversary, alongside a panel discussion on "The Future Role of Minorities."

The event program included remembering martyrs who fell throughout successive revolutions, sharing MMMCC’s achievements and challenges over the past three years, delivering commemorative remarks by guests from allied organizations, and holding a panel discussion on the future role of minorities.

During the panel discussion, participants reviewed the contributions and active involvement of minorities and Muslims within the revolution, while addressing their concerns and hopes.

The All Myanmar Muslim Ethnicity Consultative Committee (MMMCC) re-affirms to the diverse public across various regions that over these three years, it has contributed across many sectors of the mass movement, and will continue marching toward a future filled with justice and equality.
မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ(MMMCC) အနေဖြင့် ၃ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားနှင့် လူနည်းစုများ၏ အနာဂတ်အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တော်လှန်ရေးအဆက်ဆက်မှ ကျဆုံးသွားသူများအား အမှတ်ရခြင်း၊ MMMCC ၏ (၃) နှစ်တာလှုပ်ရှားမှုမှ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ မျှဝေခြင်း၊ မဟာမိတ်အဖွဲ့အစည်းများ၏ ဧည့်သည်များမှ အမှတ်တရစကားပြောကြားခြင်းနှင့် လူနည်းစုများ၏အနာဂါတ်အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ် ပါဝင်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲအတွင်း တော်လှန်ရေးအတွင်းမှ လူနည်းစုများ၊ မွတ်စ်လင်မ်များ၏ ပါဝင်အားဖြည့်မှုများအပေါ် သုံးသပ်ခြင်းများနှင့် လူနည်းစုများ၏ စိုးရိမ်မှုများ၊ မျှော်လင့်ချက်များနှင့် စပ်လျင်း၍ ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ (MMMCC)အနေဖြင့် ယခု (၃) နှစ်အတွင်း လူထုလှုပ်ရှားမှု၏ ကဏ္ဍများစွာတွင် အားဖြည့်နေပြီး တရားမျှတမှုနှင့် တန်းတူရေးပြည့်ဝသည့် အနာဂါတ်သို့ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ဒေသအသီးသီးမှ လူမျိုးပေါင်းစုံလူထုထံ ထပ်‌လောင်းအသိပေးအပ်ပါသည်။