Jul 07, 2021
2021-07-07
Politicsနိုင်ငံရေး
MMMCC Admin
Meeting between the Kachin Political Interim Coordination Team (KPICT) and the Muslims of Myanmar Multi Ethnic Consultative Committee (MMMCC)
Kachin Political Interim Coordination Team (KPICT) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ (MMMCC) ပထမဆုံးအကြိမ်တွေ့ဆုံအစည်းအဝေး
Following the individual introductions of the representatives, the meeting proceeded with a presentation and discussion regarding the organization's history, objectives, and policies.
The representatives further discussed their shared vision of opposing not only the military dictatorship but any form of authoritarianism during this revolutionary period. They noted that the renewed conflict in Kachin State and the systematic discrimination and oppression of minorities across Myanmar clearly demonstrate the distorted and malicious nature of the military regime. Consequently, they emphasized the need for all oppressed groups to unite and resist together.
Furthermore, concerns were raised regarding ASEAN’s Five-Point Consensus on the Myanmar crisis, noting that it lacks practical efficacy and risks becoming a process that merely stalls for time.
The meeting concluded with an agreement to establish a close, strategic alliance between the two organizations, maintaining regular communication and meetings as necessary.
အစည်းအဝေးတွင် တက်ရောက်လာသူ ကိုယ်စားလှယ်များမှ တဦးချင်းစတင်မိတ်ဆက်ကြပြီးနောက် အဖွဲ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ရည်ရွယ်ချက်၊မူဝါဒများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကိုယ်စားလှယ်များမှ တော်လှန်ရေးကာလအတွင်းစစ်အာဏာရှင်သာမဟုတ် မည်သည့်အာဏာရှင်စနစ်မျိုးမဆိုလက်မခံပဲ ဆန့်ကျင်သွားမည့် ဘုံရည်မှန်းချက်များတူညီကြောင်း၊ ကချင်ဒေသ တကျော့ပြန်စစ်ပွဲများနှင့် မြန်မာနိုင်ငံရှိ လူနည်းစုများအပေါ် ခွဲခြားဖိနှိပ်မှုများအပေါ်ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင် တို့၏မူမမှန်သော စရိုက်ဆိုးကို ပေါ်လွင်ထင်ရှားစေပြီး အဖိနှိပ်ခံအချင်းချင်း ညီညွတ်စွာ စုစည်းတွန်းလှန်ကြရမည်ဖြစ်ကြောင်းနှင့်
မြန်မာအရေးနှင့်ပတ်သက်၍ အာဆီယံ၏ အကြံပြုချက် ၅ချက်ဟာ လက်တွေ့သဘောမဆောင်ပဲ အချိန်ဆွဲစရာလုပ်ငန်းစဥ်တခုဖြစ်လာစေနိုင်၍ စိုးရိမ်မကင်းဖြစ်ရကြောင်းတို့ကိုပါပြန်လှန်ဆွေးနွေးသွားခဲ့ကြသည်။
ဆက်လက်၍ အဖွဲ့နှစ်ဖွဲ့ကြား ဗျုဟာကျကျ ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးထူထောင်ကာ ပုံမှန်အစည်းအဝေး ဆက်သွယ်မှုများ လိုအပ်သလိုပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ကြပါသည်။